Local News

ပေါ်ဆန်းမွှေးဆန်(သစ်)ဈေးတည်ငြိမ်လျက်ရှိပြီး ဧည့်မထဆန်(ဟောင်း)/(သစ်)၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း)၊ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4) ဈေးများကျဆင်းကာ ဖွဲနု ဈေးမြင့်တက်

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၂.၁.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း)တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀ဝ၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၅၀၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၉.၁.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၈၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၈၀ဝ၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၅၆၀ကျပ် တို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀ဝကျပ် နှင့် ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀ဝ၀ကျပ် ဈေးကျ၍ ဖွဲနုတစ်အိတ် ၆၀ကျပ် ဈေးတက်ကာ ပေါ်ဆန်းမွှေးဆန်(သစ်) ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထ ဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) ဆန်ကွဲ B(1,2)နှင့် ဆန်ကွဲB(2,3,4) ဈေးများကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်း သွားခြင်းဖြစ်ပြီး  ဖွဲနု ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News